Mathemania Champion Round Recap
BFI Education Services မှ ကျင်းပတဲ့ Mathemania Competition 2026 ရဲ့ Champion Round ကို ရန်ကုန်မြို့ရှိ SKT International School - Riverside Campus၊ မန္တလေးမြို့ရှိ MISA High School Campus နှင့် နေပြည်တော်ရှိ NISA Campus တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက မေးခွန်းတစ်ခုချင်းစီကို အာရုံစိုက်စဉ်းစားပြီး သတ်မှတ်ထားတဲ့အချိန်အတွင်း အကောင်းဆုံးဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ကြသလို၊ ဒီအဆင့်အထိ ရောက်လာဖို့ ပြင်ဆင်ခဲ့ကြတဲ့ ကြိုးစားမှုတွေကိုလည်း Champion Round မှာ မြင်တွေ့ခဲ့ရပါတယ်။
ဒီအဆင့်အထိ ရောက်လာပြီး Champion Round မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတစ်ယောက်ချင်းစီရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဂုဏ်ပြုလိုက်ပြီး Mathemania Competition 2026 မှာ ပါဝင်ယှဉ်ပြိုင်ပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။
ပြိုင်ပွဲတစ်လျှောက် အားပေးပံ့ပိုးပေးခဲ့ကြတဲ့ မိဘများ၊ ဆရာ၊ ဆရာမများနှင့် Mathemania အတွက် အတူတကွ ပါဝင်ကူညီပေးခဲ့ကြသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။
Champion Round မှာ အကောင်းဆုံးကြိုးစားခဲ့ကြတဲ့ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူအားလုံးကို ထပ်မံဂုဏ်ပြုလိုက်ပါတယ်။
Organized by BFI Education Services, the Champion Round of Mathemania Competition 2026 was held at three Exam Centers: SKT International School - Riverside Campus in Yangon, MISA High School Campus in Mandalay, and NISA Campus in Nay Pyi Taw. Students from across the country came together to take part in the competition.
Throughout the Champion Round, participants carefully worked through each question, managed their time, and gave their best after all the preparation that brought them to this stage.
We would like to recognize the effort of every student who reached the Champion Round and took part in the competition. We also sincerely thank all students for participating in Mathemania Competition 2026.
Our appreciation also goes to the parents, teachers, and everyone who supported and contributed to Mathemania throughout the competition.
Once again, congratulations to all the students who gave their best in the Champion Round.
#Mathemania2026 #ChampionRound #MathemaniaCompetition #MathematicsCompetition #YoungMathematicians #MathChallenge #BFIGroupOfSchools