Education means more than just textbooks and test scores

Blog image
SKT International Schoolမှာ ပညာရေးဆိုတာ စာအုပ်တွေ၊ အမှတ်စာရင်းတွေထက် ပိုပါတယ်။
𝐈𝐁 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐘𝐞𝐚𝐫𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 (𝐏𝐘𝐏) 𝐂𝐚𝐧𝐝𝐢𝐝𝐚𝐭𝐞 ကျောင်းတစ်ခုအနေနဲ့ ကျွန်တော်တို့က မူလတန်းအရွယ်ကနေစပြီး ကလေးတွေကို စာတော်ရုံတင်မကဘဲ လူတော်လူကောင်းလေးတွေ ဖြစ်လာဖို့ပါ ပျိုးထောင်ပေးနေပါတယ်။
𝐈𝐁 𝐋𝐞𝐚𝐫𝐧𝐞𝐫 𝐏𝐫𝐨𝐟𝐢𝐥𝐞 တွေက ကျွန်တော်တို့ရဲ့ အသက်သွေးကြောပဲဖြစ်ပါတယ်။ ကလေးတွေကို တစ်သက်တာလုံး လေ့လာသင်ယူသူတွေ၊ ကမ္ဘာကြီးကို အကျိုးပြုမယ့် လူတော်လူကောင်းလေးတွေ ဖြစ်လာစေမယ့် အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။

စာသင်ခန်းထဲမှာ ကလေးတွေနဲ့အတူတူ ဒီလို တည်ဆောက်နေကြပါတယ်။
𝐓𝐡𝐞 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞𝐚𝐛𝐥𝐞, 𝐓𝐡𝐢𝐧𝐤𝐞𝐫𝐬 & 𝐈𝐧𝐪𝐮𝐢𝐫𝐞𝐫𝐬 (အသိပညာကြွယ်ဝသူ၊ တွေးခေါ်သူနှင့် စူးစမ်းလေ့လာသူများ)
အဖြေတွေကို ဒီတိုင်းပေးလိုက်တာမျိုးမဟုတ်ဘဲ မေးခွန်းပြန်မေးတတ်အောင် အားပေးပါတယ်။ ကလေးတွေရဲ့ စူးစမ်းလိုစိတ်နဲ့ ဗဟုသုတကို ပျိုးထောင်ပေးပြီး အခက်အခဲပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်မယ့် လေ့လာမှုစွမ်းရည်တွေ တိုးတက်အောင် လုပ်ဆောင်ပေးပါတယ်။
𝐓𝐡𝐞 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐨𝐫𝐬 & 𝐎𝐩𝐞𝐧-𝐌𝐢𝐧𝐝𝐞𝐝 (ဆက်သွယ်ပြောဆိုသူများနှင့် စိတ်သဘောထားပွင့်လင်းသူများ)
SKT ကျောင်းသား/သူတွေက ကိုယ့်အမြင်ကို ယုံကြည်မှုရှိရှိ ပြောဆိုဆွေးနွေးရဲကြပါတယ်။ တခြားသူတွေရဲ့ မတူညီတဲ့ အမြင်တွေကိုလည်း နားထောင်လက်ခံပြီး ဒါဟာ အားသာချက်တစ်ခု ဖြစ်တယ်ဆိုတာကို နားလည်ကြပါတယ်။
𝐓𝐡𝐞 𝐂𝐚𝐫𝐢𝐧𝐠 & 𝐏𝐫𝐢𝐧𝐜𝐢𝐩𝐥𝐞𝐝 (ကြင်နာစာနာတတ်သူများနှင့် ကျင့်ဝတ်သိက္ခာရှိသူများ)
ရိုးသားဖြောင့်မတ်မှုကို တန်ဖိုးထားပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ်ချင်းစာတရား (Empathy) ပါပဲ။ သူတပါးအပေါ် ကူညီဖေးမဖို့နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ သင်ယူကြပါတယ်။
𝐓𝐡𝐞 𝐁𝐚𝐥𝐚𝐧𝐜𝐞𝐝 & 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐯𝐞 (မျှတသူများနှင့် ဆင်ခြင်သုံးသပ်သူများ)
အောင်မြင်မှုဆိုတာ မျှတမှုရှိခြင်းပါပဲ။ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာတွေကို မျှတအောင် ဂရုစိုက်တတ်ဖို့နဲ့ မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်ဆင်ခြင်သုံးသပ်တတ်ဖို့ သင်ကြားပေးပါတယ်။
𝐓𝐡𝐞 𝐑𝐢𝐬𝐤-𝐓𝐚𝐤𝐞𝐫𝐬 (စိန်ခေါ်မှုများကို ရင်ဆိုင်ရဲသူများ)
မရေရာမှုတွေကို ကြိုတင်ပြင်ဆင်မှု၊ ဇွဲလုံ့လတွေနဲ့ ရင်ဆိုင်ပါတယ်။ အားကစားနည်းအသစ်တစ်ခု စမ်းကစားတာပဲဖြစ်ဖြစ်၊ အကြံဉာဏ်အသစ်တစ်ခု တင်ပြတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းအသစ် ဖွဲ့တာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Comfort zone ထဲကနေ ရဲရဲဝံ့ဝံ့ ထွက်ပြီး ကြိုးစားကြည့်ဖို့ အားပေးပါတယ်။

ဒါတွေက ဘာကြောင့် အရေးကြီးတာလဲ?
အနာဂတ်ကမ္ဘာကြီးက အရာရာကို "သိ" နေတဲ့ လူတွေထက် လက်တွေ့ "လုပ်" နိုင်တဲ့ လူတွေကို လိုအပ်နေလို့ပါ။
ဒီအချက်တွေကို အလေးထားခြင်းအားဖြင့် SKT ကျောင်းသား/သူတွေဟာ အနာဂတ်ကို ဖြတ်သန်းရုံသာမကဘဲ အနာဂတ်ကို ကိုယ်တိုင်ဖန်တီးပုံဖော်နိုင်မယ့်သူတွေ ဖြစ်လာမှာပါ။
________
At SKT International School, education means more than just textbooks and test scores. As an 𝐈𝐁 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐘𝐞𝐚𝐫𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 (𝐏𝐘𝐏) 𝐂𝐚𝐧𝐝𝐢𝐝𝐚𝐭𝐞 𝐒𝐜𝐡𝐨𝐨𝐥, we are dedicated to nurturing not just academically successful students, but truly good people, right from their primary years.
The 𝐈𝐁 𝐋𝐞𝐚𝐫𝐧𝐞𝐫 𝐏𝐫𝐨𝐟𝐢𝐥𝐞 attributes are the heartbeat of our curriculum. They form the foundation for nurturing lifelong learners and compassionate global citizens. 
Here is how we build these traits together in the classroom:
𝐓𝐡𝐞 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞𝐚𝐛𝐥𝐞, 𝐓𝐡𝐢𝐧𝐤𝐞𝐫𝐬 & 𝐈𝐧𝐪𝐮𝐢𝐫𝐞𝐫𝐬
We don’t just provide answers; we encourage questions! By nurturing curiosity and expanding knowledge, we help students develop the skills to solve complex problems independently.
𝐓𝐡𝐞 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐨𝐫𝐬 & 𝐎𝐩𝐞𝐧-𝐌𝐢𝐧𝐝𝐞𝐝
SKT students learn to express themselves confidently. They also listen to and respect the perspectives of others, understanding that our differences make us stronger.
𝐓𝐡𝐞 𝐂𝐚𝐫𝐢𝐧𝐠 & 𝐏𝐫𝐢𝐧𝐜𝐢𝐩𝐥𝐞𝐝
We value integrity and honesty. Most importantly, we cultivate empathy. Our students learn to support others and make a positive difference in their communities and the environment.
𝐓𝐡𝐞 𝐁𝐚𝐥𝐚𝐧𝐜𝐞𝐝 & 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐯𝐞
True success requires balance. We teach students to care for their physical, emotional, and intellectual well-being, while learning to thoughtfully reflect on their own strengths and areas for growth.
𝐓𝐡𝐞 𝐑𝐢𝐬𝐤-𝐓𝐚𝐤𝐞𝐫𝐬
We approach uncertainty with forethought and determination. We encourage students to step out of their comfort zones—whether it’s trying a new sport, sharing a new idea, or making a new friend.

Why does this matter?
𝐓𝐡𝐞 𝐟𝐮𝐭𝐮𝐫𝐞 𝐝𝐨𝐞𝐬𝐧’𝐭 𝐣𝐮𝐬𝐭 𝐧𝐞𝐞𝐝 𝐩𝐞𝐨𝐩𝐥𝐞 𝐰𝐡𝐨 𝐤𝐧𝐨𝐰 𝐭𝐡𝐢𝐧𝐠𝐬; 𝐢𝐭 𝐧𝐞𝐞𝐝𝐬 𝐩𝐞𝐨𝐩𝐥𝐞 𝐰𝐡𝐨 𝐜𝐚𝐧 𝐝𝐨 𝐭𝐡𝐢𝐧𝐠𝐬. By focusing on these attributes, we are preparing SKT students not just to navigate the future, but to shape it.
Post image
Post image
Post image
Post image
Post image
Post image
Post image

Comments

Add a Comment

Call Now