နွေရာသီကို အကျိုးရှိရှိ အသုံးချချင်တဲ့ ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် Summer Sports Programme
ပျော်ရွှင်တက်ကြွစွာ အားကစားလုပ်ရင်း ကလေးတို့ရဲ့ နွေရာသီ ကျောင်းပိတ်ရက်လေးကို ဖြတ်သန်းလိုက်ရအောင်။ ကျောင်းပိတ်ရက်ရှည်မှာ ကလေးတို့ ကျန်းမာတက်ကြွပြီး အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးနိုင်စေဖို့အတွက် SKT International School - Riverside Campus ရဲ့ နွေရာသီ အားကစားအစီအစဉ် (Summer Sports Programme) မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီအစီအစဉ်မှာတော့ SKT International School မှ ကျောင်းသား၊ ကျောင်းသူတွေတင်မကဘဲ ပြင်ပက ကျောင်းသား၊ ကျောင်းသူလေးတွေလည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဘေးကင်းလုံခြုံပြီး နွေးထွေးတဲ့ ဝန်းကျင်မှာ စိတ်လှုပ်ရှားစရာ အားကစားနည်းတွေကို သင်ယူရင်း ကျန်းမာကြံ့ခိုင်လာမှာ ဖြစ်ပါတယ်။
သင်ကြားပေးမယ့် အားကစားနည်းများ
သင်ကြားပေးမယ့် အားကစားနည်းတွေမှာ တင်းနစ် (Tennis)၊ ကြက်တောင် (Badminton)၊ ဘောလုံး (Football) နဲ့ ရေကူး (Swimming) တို့ ဖြစ်ပါတယ်။
သင်တန်းအသေးစိတ် အချက်အလက်များ
သင်တန်းကို မတ်လ ၂၃ ရက်နေ့ကနေ မေလ ၂၂ ရက်နေ့အထိ (၈ ပတ်ကြာ) ကျင်းပသွားမှာ ဖြစ်ပြီး သင်ကြားမယ့် အချိန်မှာ မနက် ၉ နာရီကနေ ၁၀ နာရီအထိ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ပါဝင်ခြင်းအားဖြင့် ရရှိမည့် အကျိုးကျေးဇူးများ
-
ကျွမ်းကျင်တဲ့ နည်းပြတွေဆီကနေ စနစ်တကျ သင်ယူနိုင်ခြင်း။
-
ဘေးကင်းပြီး ဖော်ရွေတဲ့ ဝန်းကျင်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းသစ်တွေနဲ့ ဆော့ကစားနိုင်ခြင်း။
-
ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်လာပြီး အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်တွေ တိုးတက်လာခြင်း။
-
ကျောင်းပိတ်ရက်မှာ အပျော်ရွှင်ဆုံးနဲ့ အကျိုးအရှိဆုံး အတွေ့အကြုံတွေကို ရရှိနိုင်ခြင်း။
သားသားမီးမီးတို့အတွက် အမှတ်တရဖြစ်စေမယ့် နွေရာသီလေးကို SKT နဲ့အတူ အခုပဲ ဖန်တီးလိုက်ပါ။ နွေရာသီ အားကစားသင်တန်းတက်ရောက်ဖို့အတွက် အသေးစိတ်ကို ဆက်သွယ်စုံစမ်းမေးမြန်းဖို့ ကျွန်ပ်တို့က ဖိတ်ခေါ်အပ်ပါတယ်။
ဆက်သွယ်ရန်
SKT International School - Riverside Campus
-
အီးမေးလ်။ contact.river@skt.edu.mm
-
လိပ်စာ။ 235, Shu Khinn Thar Myo Pat Rd. Thaketa Tsp, Yangon
-
ဖုန်း။ 019410010၊ 019410020၊ 09456481970
Ignite Your Child's Summer with Fun and Fitness at SKT International School
Are you looking for a meaningful way to keep your child active over the holidays. The SKT Summer Sports Programme is now open for registration and we welcome both current SKT students and external participants to join the fun.
Featured Sports Activities
The featured activities include Tennis, Badminton, Football and Swimming.
Programme Schedule
The programme spans eight weeks starting from March 23 and concluding on May 22 and the daily sessions are held from 9:00 AM to 10:00 AM.
Why Join Us?
-
Professional coaching from experienced staff members.
-
A safe and supportive environment for every child.
-
Focus on physical fitness and essential teamwork skills.
-
An engaging and productive holiday experience.
Give your child a summer to remember by joining our vibrant sports community. Message us now or contact the school office to register. This programme is open for everyone and we hope you do not miss out.
#SKTInternationalSchool #SummerSports #ActiveSummer #StudentLife