“ပထမဆုံးနေ့… ပထမဆုံး Teacher… ပထမဆုံး အမှတ်တရ”

Blog image
“ပထမဆုံးနေ့… ပထမဆုံး Teacher… ပထမဆုံး အမှတ်တရ”
မနက်တိုင်း ကျောင်းတံခါးဝမှာ ကလေးတွေရဲ့ အပြုံးလေးတွေကို မြင်ရတာ ကျွန်ပ်တို့အတွက်တော့ တကယ့်ကို အားဆေးပါပဲ။ မိဘရင်ခွင်ထဲကနေ အပြင်လောကကြီးဆီကို ပထမဆုံး ခြေလှမ်းစလှမ်းလာကြတဲ့ ကလေးငယ်တွေအတွက် ကျွန်ပ်တို့ဟာ ဆရာ၊ ဆရာမဆိုတာထက် ပိုတဲ့ နွေးထွေးမှု၊ လုံခြုံမှုနဲ့ မိသားစုသဖွယ် ယုံကြည်အားကိုးရာ ဖြစ်စေဖို့ အမြဲတမ်း ကြိုးစားနေကြရပါတယ်။
ကလေးတစ်ယောက် ခဲတံလေးကို စကိုင်တတ်ဖို့နဲ့ "ဝ" လုံးလေးတစ်လုံးကို ဝိုင်းအောင်ရေးတတ်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ သူတို့လေးတွေ ကိုယ်တိုင် ပထမဆုံး ပုံဖော်လိုက်နိုင်တဲ့ အခိုက်အတန့်မှာ ကလေးတို့ရဲ့ မျက်လုံးထဲက ဂုဏ်ယူဝင့်ကြွားမှုလေးတွေကို မြင်တွေ့ရတာဟာ ကျွန်ပ်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုပါပဲ။ ဒါဟာ သူတို့ဘဝရဲ့ ပထမဆုံးသော ကြိုးစားမှုနဲ့ အောင်မြင်မှုလေးတွေလည်း ဖြစ်ပါတယ်။
ကလေးတွေရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ဖို့ကလည်း အရေးကြီးတာကြောင့် ကျွန်ပ်တို့က ဆော့ကစားခြင်းကိုလည်း အလေးထားပါတယ်။ ကျောင်းဝင်းထဲမှာ သူငယ်ချင်းတွေနဲ့အတူ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားရင်း ခန္ဓာကိုယ် ဖွံ့ဖြိုးလာရုံတင်မကဘဲ စိတ်ပျော်ရွှင်မှုကိုလည်း ရရှိစေပါတယ်။ ကစားနည်းမျိုးစုံကတစ်ဆင့် စည်းလုံးမှုရှိဖို့နဲ့ အသင်းအဖွဲ့စိတ်ဓာတ်ရှိဖို့ကိုလည်း တစ်ခါတည်း သင်ယူသွားကြတာ ဖြစ်ပါတယ် ။
မူကြိုကျောင်းဆိုတာ စာသင်တာတစ်ခုတည်း မဟုတ်ပါဘူး။
သူငယ်ချင်းတွေနဲ့ ဘယ်လိုကစားရမလဲ၊ အရုပ်လေးတွေကို ဘယ်လိုဝေမျှရမလဲဆိုတာတွေကိုလည်း သင်ပေးရပါတယ်။
လဲကျသွားတဲ့ သူငယ်ချင်းကို ပြန်ထူပေးတတ်တာ၊ တစ်ယောက်ကိုတစ်ယောက် ကူညီပေးတတ်တာလေးတွေကို မြင်ရတဲ့အခါ ကျွန်ပ်တို့ တကယ်ကို ဝမ်းသာမိပါတယ်။ ဒီလိုသေးငယ်တဲ့ အပြုအမူလေးတွေကနေတစ်ဆင့် နောင်တစ်ချိန်မှာ တိုးတက်ကောင်းမွန်ပြီး ကမ္ဘာကြီးကို အကျိုးပြုမယ့် လူသားလေးတွေ ဖြစ်လာဖို့ အုတ်မြစ်ချပေးလိုက်တာ ဖြစ်ပါတယ်။ ကလေးငယ်တစ်ဦးချင်းစီရဲ့ မတူညီတဲ့ အရည်အချင်းလေးတွေကို မြေတောင်မြှောက်ပေးရင်း သူတို့ရဲ့ စူးစမ်းလိုစိတ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးထားပါတယ်။
SKT International Preschool မှာ ကလေးငယ်တစ်ဦးချင်းစီရဲ့ တိုးတက်မှုတိုင်းကို စိတ်ရှည်သည်းခံမှု၊ မေတ္တာတရားတို့နဲ့အတူ သေသေချာချာ ပုံဖော်ပေးလျက်ရှိပါတယ်။သူတို့လေးတွေရဲ့ ဘဝမှာ ပထမဆုံး လက်ဦးဆရာအဖြစ် ရှိနေခွင့်ရတာကိုလည်း အလွန်ပဲဂုဏ်ယူပါတယ်။ ကျွန်ပ်တို့ သင်ကြားပေးလိုက်တဲ့ "ဝ" လုံးလေးတွေ၊ ရယ်မောပျော်ရွှင်ခဲ့ရတဲ့ ကဗျာလေးတွေနဲ့ ကျန်းမာကြံ့ခိုင်စေမယ့် ကစားနည်းတွေဟာ ကလေးငယ်တွေရဲ့ ရင်ထဲမှာ တစ်သက်တာလုံးအတွက် နွေးထွေးတဲ့ အမှတ်တရလေးတွေအဖြစ် ကျန်ရှိနေမှာပါလို့ ကျွန်ပ် ယုံကြည်ပါတယ်။ ကလေးငယ်တွေရဲ့ အနာဂတ်ဟာ ကျွန်ပ်တို့ရဲ့ လက်ထဲမှာ စတင်တာဖြစ်လို့ အကောင်းဆုံးနဲ့ အနွေးထွေးဆုံး ဖြစ်စေဖို့ ကျွန်ပ်တို့ အမြဲ အဆင်သင့်ရှိနေမှာပါ။

Comments

Add a Comment

👋 Welcome to SKT International Schools! Have questions? Message us anytime.
Call Now