A-Level Scholarship Announcement – Limited Seats Available!

Blog image

A-Levels ပညာသင်ဆု (Scholarship) လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Cambridge Assessment International Education မှ တရားဝင်အသိအမှတ်ပြုထားသော SKT International School - City Campus အနေဖြင့် IGCSE စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအတွက် A-Level ပညာသင်ဆု (Scholarship) များကို ပေးအပ်သွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။

ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသောအားဖြင့် IGCSE မှာ ထူးချွန်တဲ့ ရလဒ်တွေပိုင်ဆိုင်ထားတဲ့ ကျောင်းသားတွေအနေနဲ့ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းတက္ကသိုလ်တွေဆီ တိုက်ရိုက်လျှောက်ထားနိုင်မယ့် Cambridge International A-Levels ကို ပညာသင်ဆုများနဲ့ ဆက်လက်တက်ရောက်နိုင်မယ့် အခွင့်အရေး ရရှိနေပြီဖြစ်ပါတယ်။

ပညာသင်ဆု သတ်မှတ်ချက်များ
● 8As (သို့မဟုတ်) ICE Awards ရရှိသူများ – ၅၀% ပညာသင်ဆု (50% Scholarship)
● IGCSE တွင် 7A
s ရရှိသူများ – ၃၀% ပညာသင်ဆု (30% Scholarship)
● IGCSE တွင် 4A*s ရရှိသူများ – ၂၀% ပညာသင်ဆု (20% Scholarship)

သိထားရန် အချက်များ
● လူဦးရေအကန့်အသတ်ရှိခြင်း
● ပညာသင်ဆုများကို ဦးရာလူစနစ် (First-come, first-served) ဖြင့် ပေးအပ်သွားမှာဖြစ်ပြီး ပညာရပ်ဆိုင်ရာ စစ်ဆေးအတည်ပြုမှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရွေးချယ်မှုစံနှုန်းများ
အကယ်၍ လျှောက်ထားသူများ၏ IGCSE ရလဒ်များ တူညီနေပါက အောက်ပါအချက်များအပေါ် မူတည်ပြီး ရွေးချယ်သွားပါမယ်။
● ဖြေဆိုခဲ့သည့် IGCSE ဘာသာရပ်အရေအတွက်နှင့် ရရှိသည့် A* အရေအတွက် (၅၀%)
● ပညာသင်ဆု အရည်အချင်းစစ်စာမေးပွဲ ရလဒ် (၃၀%)
● လူတွေ့စစ်ဆေးခြင်း (Panel Interview) (၂၀%)

အရေးကြီးသည့် မှတ်ချက်
Pearson EdExcel International GCSE ဖြေဆိုထားသူများအတွက် Band Score 8 ကို A အဆင့်အဖြစ်သာ သတ်မှတ်ပြီး၊ Band Score 9 ရရှိမှသာ ပညာသင်ဆုအတွက် အကျုံးဝင်သည့် A* အဆင့်အဖြစ် သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။

ပညာသင်ဆု ပေးအပ်ခြင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို BFI Education Services Management Board အဖွဲ့နှင့် သက်ဆိုင်ရာ ကျောင်းစီမံခန့်ခွဲမှုအဖွဲ့မှသာ အတည်ပြုဆုံးဖြတ်မည်ဖြစ်ပြီး အဆိုပါဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။

ယနေ့ပဲ လူကိုယ်တိုင် လာရောက်လျှောက်ထားပြီး ပညာသင်ဆုရယူလိုက်ပါ။ ယနေ့ထူးချွန်မှုမှသည် ကမ္ဘာ့အဆင့် အောင်မြင်မှုများဆီသို့ SKT International School နှင့် လျှောက်လှမ်းလိုက်ပါ။

Contact Us – SKT International School - City Campus
Email: contact.city@skt.edu.mm
Address: No 25, Pho Sein Road, Bahan Tsp, Yangon
Phone: 019551795 | 019551796 | 09424153552 | 09456481950


A-Level Scholarship Announcement – Limited Seats Available!

SKT International School - City Campus, a proud Cambridge Accredited School recognised by Cambridge Assessment International Education, is delighted to announce exclusive A-Level Scholarships for outstanding IGCSE achievers.

We believe academic excellence deserves recognition. Students who have demonstrated exceptional results in the International General Certificate of Secondary Education now have the opportunity to progress into Cambridge International A Level with generous scholarship awards.

Scholarship Criteria
● 8As and/or ICE Awards – 50% Scholarship 
● 7As in IGCSE – 30% Scholarship
● 4A*s in IGCSE – 20% Scholarship

Cambridge International A Levels are globally recognised and widely accepted by leading universities around the world. At SKT International School - City Campus, students receive expert academic guidance and strong subject specialisation as well as a supportive environment to prepare them for top university destinations.

Important Note
Achieving a Band Score of 8 in Pearson EdExcel International GCSE is considered equivalent to an A and not an A*. Only a Band Score of 9 is considered equivalent to an A* for scholarship eligibility.

Limited Seats Available
Scholarships are offered on a first-come, first-served basis and subject to academic verification. If applicants have the same IGCSE results, the following factors will be considered:
● Total IGCSE qualifications and A*s achieved (50%)
● Scholarship exam result (30%)
● Panel Interview (20%)

All awards are made at the discretion of the BFI Education Services Management Board and school administration because their decisions are final.

Apply now and secure your place. Excellence today, global success tomorrow.

#SKTInternationalSchool #ALevelScholarship #IGCSE #CambridgeALevel #ScholarshipAnnouncement #InternationalEducation #ScholarshipMyanmar #FutureLeaders

Comments

Add a Comment

Call Now