18th Spelling Bee Competition 2026

Blog image

BFI Education Services Co., Ltd. မှ (၁၈) ကြိမ်မြောက် Spelling Bee Competition 2026 ကို ပြန်လည်ကျင်းပသွားမည်

BFI Education Services Co., Ltd. မှ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ (၁၈) ကြိမ်မြောက် Spelling Bee Competition 2026 ကို ယခုနှစ်မှာလည်း ထပ်မံကျင်းပသွားမှာ ဖြစ်ပါတယ်။

Spelling Bee Competition ဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အင်္ဂလိပ်စာလုံးပေါင်းသတ်ပုံဆိုင်ရာ ကျွမ်းကျင်မှု၊ ဝေါဟာရအသိပညာနဲ့ အင်္ဂလိပ်ဘာသာစကားစွမ်းရည်တွေ ပိုမိုတိုးတက်လာစေဖို့ ရည်ရွယ်ကျင်းပတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ တစ်နိုင်ငံလုံးရှိ ကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူတွေ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး မိမိတို့ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို စမ်းသပ်နိုင်မယ့်အပြင် မတူညီတဲ့ကျောင်းတွေက ပြိုင်ပွဲဝင်တွေနဲ့အတူ ယှဉ်ပြိုင်ရင်း အတွေ့အကြုံသစ်တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယှဉ်ပြိုင်မှုအတွေ့အကြုံတွေကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမိုတိုးတက်လာစေဖို့လည်း အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။

Competition Format

ယခုနှစ် Spelling Bee Competition ကို Regional Round နဲ့ National Round ဆိုပြီး အဆင့် (၂) ဆင့် ခွဲခြားကျင်းပသွားမှာ ဖြစ်ပါတယ်။

Round 1 – Regional Round

Date: 28 November 2026
Locations: Yangon, Mandalay & Nay Pyi Taw

ပထမအဆင့်ဖြစ်တဲ့ Regional Round ကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Regional Round မှာ Session တစ်ခုချင်းစီအလိုက် ရမှတ်အမြင့်ဆုံးရရှိတဲ့ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးစီ ကို National Round သို့ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိမယ့် ဆန်ခါတင်များအဖြစ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

Round 2 – National Round

Date: 12 December 2026
Location: Nay Pyi Taw

Regional Round မှ ရွေးချယ်ခံရတဲ့ ဆန်ခါတင်ကျောင်းသား၊ ကျောင်းသူတွေဟာ နေပြည်တော်မှာ ကျင်းပမယ့် National Round မှာ နောက်ဆုံးအဆင့်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

Competition Categories & Schedule

ပြိုင်ပွဲကို Junior Level နဲ့ Senior Level ဟူ၍ အဆင့်နှစ်မျိုး ခွဲခြားကျင်းပသွားမှာ ဖြစ်ပါတယ်။

Junior Level

  • Years 4–6 / Grades 3–5

  • Time: 9:00 AM – 12:00 PM

Senior Level

  • Years 7–9 / Grades 6–8

  • Time: 1:00 PM – 4:00 PM

Competition Prizes

ပြိုင်ပွဲတွင် ထူးချွန်စွာ ယှဉ်ပြိုင်နိုင်သူများအတွက် အောက်ပါဆုလက်ဆောင်များကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

  • First Prize: MacBook

  • Second Prize: iPad

  • Third Prize: Samsung Galaxy Tab

Registration Information

Registration Opens: 15 October 2026
Registration Deadline: 21 November 2026
Registration Fee: 80,000 MMK

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာကျောင်းများမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

Rules, Regulations & Practice Materials

ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊ ကြိုတင်လေ့ကျင့်နိုင်မယ့် Practice List နဲ့ အသေးစိတ်အချက်အလက်များကို အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.bfi.edu.mm/competition/competition-data/spelling-bee

Registration Locations & Contact Information

Yangon

SKT International School – Riverside Campus

No. 235, Shu Khinn Thar Myo Pat Road, Thaketa Township, Yangon.

Contact Numbers:

  • 09 754 644 440

  • 09 767 348 310

  • 01 9410010-20

Mandalay

MISA High School Campus

Block B5 (No. 1+2/1), Corner of 53rd & 30th Streets, Chan Aye Thar San Township, Mandalay.

Contact Numbers:

  • 09 777 488 802

  • 09 777 488 803

  • 09 430 600 27

  • 09 430 604 23

Nay Pyi Taw

NISA Campus

No. 14, Ottara Thiri Township, Nay Pyi Taw.

Contact Number:

  • 09 428 460 373


မိမိတို့ရဲ့ အင်္ဂလိပ်စာလုံးပေါင်းစွမ်းရည်ကို စမ်းသပ်ရင်း တစ်နိုင်ငံလုံးမှ ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ နိုင်ငံအဆင့်အထိ တက်လှမ်းယှဉ်ပြိုင်နိုင်မယ့် 18th Spelling Bee Competition 2026 မှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Post image

Comments

Add a Comment

👋 Welcome to SKT International Schools! Have questions? Message us anytime.
Call Now