The Cambridge Pathway

Blog image

ကလေးတွေရဲ့ အနာဂတ်အတွက် ပညာရေးလမ်းကြောင်း ရွေးချယ်ရတာဟာ တကယ့်ကို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။ SKT International School ကတော့ Cambridge က အသိအမှတ်ပြုထားတဲ့ Cambridge Accredited School ဖြစ်တာနဲ့အညီ၊ မူကြိုကနေ တက္ကသိုလ်ဝင်ခွင့်အထိ အဆင့်တိုင်းအတွက် အကောင်းဆုံး ပြင်ဆင်ပေးထားတဲ့ Cambridge Pathway နဲ့ သင်ကြားပေးနေပါတယ်။

ကျောင်းသား၊ ကျောင်းသူတို့အနေနဲ့ အသက်အရွယ်အလိုက် ဘယ်လိုတိုးတက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

Cambridge Early Years (အသက် ၃ နှစ်မှ ၅ နှစ်)

ဒီအရွယ်မှာတော့ ကလေးတွေကို စာတွေပဲ ဖိသင်တာမျိုးမဟုတ်ဘဲ ကစားရင်းနဲ့ သင်ယူတဲ့ (Play-based) နဲ့ စူးစမ်းလေ့လာတဲ့ (Inquiry-based) ပုံစံလေးတွေနဲ့ ပျိုးထောင်ပေးပါတယ်။ နွေးထွေးတဲ့ ပတ်ဝန်းကျင်လေးထဲမှာ အခြေခံစာရေးစာဖတ်နဲ့ သင်္ချာတင်မကဘဲ သူတို့လေးတွေရဲ့ ကိုယ်ပိုင်ယုံကြည်မှုနဲ့ တီထွင်နိုင်စမ်းတွေ တိုးတက်လာအောင် ကူညီပေးသွားမှာပါ။

Cambridge Primary (အသက် ၅ နှစ်မှ ၁၁ နှစ်)

အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကို အခြေခံခိုင်မာအောင် သင်ပေးတဲ့အရွယ်ပါ။ အဓိကကတော့ စာတွေကို အလွတ်ကျက်ခိုင်းတာမျိုး မဟုတ်ဘဲ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို နားလည်ပြီး ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းတတ်လာအောင် သင်ကြားပေးတာဖြစ်လို့ ကလေးတွေက ပိုပြီးစူးစမ်းလိုစိတ်ရှိလာကြပါတယ်။

Cambridge Lower Secondary (အသက် ၁၁ နှစ်မှ ၁၄ နှစ်)

ဒီအရွယ်မှာတော့ ပညာရပ်တွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာလာရပါတယ်။ ကိုယ်တိုင်လေ့လာနိုင်စွမ်း (Independent learning) ရှိလာအောင်၊ သတင်းအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာတတ်အောင်နဲ့ မိမိရဲ့ အယူအဆတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြတတ်အောင် လေ့ကျင့်ပေးတာမို့ ရှေ့ဆက်ရမယ့် နိုင်ငံတကာအဆင့် အရည်အချင်းစစ်တွေမှာ အဆင်သင့် ဖြစ်နေမှာပါ။

IGCSE (အသက် ၁၄ နှစ်မှ ၁၆ နှစ်)

IGCSE ဆိုတာကတော့ ကမ္ဘာတစ်ဝှမ်းမှာ အရမ်းကို လူသိများပြီး အသိအမှတ်ပြုထားတဲ့ အထက်တန်းအဆင့် အောင်လက်မှတ်တစ်ခုပါ။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေအပြင် စာမေးပွဲဖြေဆိုတဲ့ စွမ်းရည်တွေကိုပါ စနစ်တကျ သင်ယူရမှာဖြစ်လို့ နိုင်ငံတကာ တက္ကသိုလ်တွေဆီ သွားနိုင်ဖို့ လမ်းစပဲ ဖြစ်ပါတယ်။

Cambridge International A-Levels (အသက် ၁၆ နှစ်မှ ၁၉ နှစ်)

A-Levels ကတော့ တက္ကသိုလ်ဝင်ခွင့်အတွက် "Gold Standard" လို့တောင် တင်စားကြပါတယ်။ ကျောင်းသားတွေက မိမိတို့ ဝါသနာပါရာ ဘာသာရပ်တွေကို အထူးပြုပြီး အဆင့်မြင့်ခွဲခြမ်းစိတ်ဖြာ တွေးခေါ်မှုတွေနဲ့အတူ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေထဲကို ယုံကြည်မှုအပြည့်နဲ့ ဝင်ရောက်နိုင်ဖို့ ပြင်ဆင်ပေးတဲ့ နောက်ဆုံးအဆင့်ပဲ ဖြစ်ပါတယ်။

SKT International School မှာ ကလေးတွေကို အသက်အရွယ်တိုင်းမှာ အနီးကပ်လမ်းညွှန်ပေးပြီး၊ အင်္ဂလိပ်စာစွမ်းရည်ရော အနာဂတ်အတွက် လိုအပ်တဲ့ Skill တွေပါ ပြည့်စုံအောင် ပျိုးထောင်ပေးနေပါတယ်။

ကျောင်းအပ်လက်ခံမှုတွေ စတင်နေပြီဖြစ်လို့ မိဘတို့ရဲ့ ရင်သွေးငယ်တွေ နိုင်ငံတကာအဆင့် အောင်မြင်မှုတွေ ရရှိနိုင်ဖို့ အခုပဲ စတင်လိုက်ရအောင်ရှင်။


The Cambridge Pathway

Choosing the right education pathway means understanding how your child will grow at every stage. At SKT International School, a proud Cambridge Accredited School, we deliver the complete Cambridge Pathway from early years to university entrance because it was developed by Cambridge Assessment International Education.

Cambridge Early Years (Ages 3–5)

This stage focuses on holistic development through play-based and inquiry-based learning. Children build early literacy and numeracy skills and they develop social confidence, communication abilities, creativity, and independence in a nurturing environment that prepares them smoothly for primary education.

Cambridge Primary (Ages 5–11)

Students develop strong foundations in English, Mathematics, and Science while learning how to think critically and solve problems. The focus is on understanding concepts and not memorisation, and this helps students become confident and curious learners.

Cambridge Lower Secondary (Ages 11–14)

At this stage, students strengthen academic depth and begin developing independent learning skills. They learn to analyse information and conduct research and express ideas clearly so they are prepared for internationally benchmarked qualifications.

IGCSE (Ages 14–16)

The International General Certificate of Secondary Education is one of the world’s most recognised secondary qualifications. Students gain strong subject knowledge and examination skills and global academic standards that open doors to international universities.

Cambridge International A Levels (Ages 16–19)

Cambridge International A Level is considered the gold standard for university entrance worldwide. Students specialise in selected subjects and develop advanced analytical thinking and prepare confidently for top universities around the world.

At SKT International School, we guide students step by step through every level of the Cambridge Pathway and we build strong academic foundations, confident English communication, and future-ready skills. Admissions are now open so you can invest in an education that prepares your child for global success.


#SKTInternationalSchool #CambridgePathway #CambridgeAccreditedSchool #IGCSE #CambridgeALevel #InternationalEducation #InternationalSchoolYangon #InternationalSchoolMyanmar

Post image

Comments

Add a Comment

Call Now